မြေအသုံးပြုမှု အစီအစဉ်
KMIC အတွက် ဒီမြေနေရာကို အကောင်းဆုံးအသုံးချနိုင်ဖို့၊ ကမ္ဘာအဆင့်မီ ဗိသုကာ ပညာရှင်တွေနဲ့ စီမံချက်ရေးဆွဲသူတွေဟာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ အဆောက်အဦးနဲ့ ဝန်ဆောင်မှုတွေရဲ့ လုပ်ဆောင်ချက်အလိုက် ထိရောက်မှုအရှိဆုံးဖြစ်အောင် စုစည်းထားပါတယ်။ ဒီလိုကမ္ဘာအဆင့်မီ ပတ်ဝန်းကျင်တစ်ခုမှာ ဖောက်သည်ကုမ္ပဏီတွေ အကောင်းဆုံးအကျိုးရဖို့အတွက် ဒီမှာရှိတဲ့ အခြေခံအဆောက်အဦးနဲ့ ဝန်ဆောင်မှုတွေကို အကောင်းဆုံး အသုံးချနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီစီးပွားရေးဇုန်ရဲ့ နေရာအများစုကို စက်မှုလုပ်ငန်းအတွက် ရည်ရွယ်ထားပေမဲ့၊ KMIC ဟာ ကောင်းမွန်လှတဲ့ အခြေခံအဆောက်အဦးနဲ့ ဝန်ဆောင်မှုတွေအပြင် လူနေအိမ်ရာတွေပါ ပံ့ပိုးပေးထားမှာ ဖြစ်ပါတယ်။







