ဘာကြောင့် KMIC ကို ရွေးချယ်သင့်လဲ?

KMIC သည် မြန်မာနိုင်ငံအစိုးရ နှင့် ကိုရီးယား မြေနှင့်အိမ်ရာကော်ပိုရေးရှင်းတို့အကြား အကျိုးတူ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။ စီမံကိန်းသည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လျက် ရှိသောစီးပွားရေးစျေးကွက်အတွင်း အခွင့်အလမ်းအသစ်များစွာကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံ တွင်းလူ့အဖွဲ့အစည်းများကိုသာမက ပြည်ပမှလာရောက်ရင်းနှီးမြှပ်နှံမည့် နိုင်ငံရပ်ခြား စီးပွားရေး လုပ်ငန်းကုမ္ပဏီများကိုပါ အကျိုးကျေးဇူးများစွာ ရရှိခံစားစေနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရမှ အစိုးရပိုင်မြေကို စိုက်ထုတ်ထောက်ပံ့ပေးမည်ဖြစ်ပြီး စီမံကိန်း၏  အခြေခံ အဆောက်အအုံများဖြစ်သော လျှပ်စစ်မီးရရှိရေး၊ ရေပေးဝေမှုနှင့် လမ်းပန်းဆက်သွယ်ရေး စသည့် လုပ်ငန်းများအား ကိုရီးယားအစိုးရ၏ ဘဏ္ဍာငွေထောက်ပံ့ကူညီမှုဖြင့်ဖော်ဆောင်သွားမည်ဖြစ်ပါ သည်။

သာလွန်ကောင်းမွန်သောအခြေခံအဆောက်အအုံများ ၊  သက်သာသောအလုပ်သမားလုပ်အားခ ၊ ခိုင်မာသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှု စသည့်အချက်တွေကြောင့် KMIC သည် အလားအလာကောင်း သော ထိပ်တန်းစီမံကိန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ လျင်မြန်စွာတိုးပွားလာလျက် ရှိသော ဝယ်လိုအားကြောင့်လည်း စီမံကိန်းကို ပို၍ အားကောင်းသွားစေပါသည်။ ဖွံ့ဖြိုးတိုးတက် လျက်ရှိသော ပြည်တွင်းစျေးကွက် ၊ ဆိပ်ကမ်းနှင့် လေဆိပ်များသို့ လွယ်ကူစွာ ဆက်သွယ်သွားလာ နိုင်မှု စသည့်အားသာချက်များကြောင့် လာရောက်ရင်းနှီးမြှပ်နှံမည့် ကုမ္ပဏီများသည် သန်းထောင် နှင့်ချီသော စားသုံးသူအသစ်များဆီသို့ ခြေလှမ်းနိုင်မည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။

စိတ်ချယုံကြည်နိုင်သော အကောင်အထည်ဖော်ဆောင်သူ

ကိုရီးယား မြေနှင့်အိမ်ရာကော်ပိုရေးရှင်း၏ စီးပွားရေးဆိုင်ရာအကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းအတွေ့အကြုံများ၊ Global SAE-A ၏ နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းကျွမ်းကျင်မှုနှင့်မြန်မာ နိုင်ငံအစိုးရ၏ပူးပေါင်းပါဝင်ဆောင်ရွက်မှုစသည်များဖြင့် ပေါင်းစပ်ဖော်ဆောင်သွားမည့် KMIC သည် များစွာ စိတ်ချယုံကြည်နိုင်သော ဖွံ့ဖြိုးမှုလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

KMIC EASY SERVICE CENTER

KMIC EASY SERVICE CENTER သည် မြန်မာနိုင်ငံအစိုးရ၏ပံ့ပိုးကူညီမှုဖြင့်အကောင်အထည် ဖော်ဆောင်သွားမည့် one – stop service center တစ်ခုဖြစ်ပါသည်။ စက်ရုံများတည်ဆောက်ခြင်း ၊ စက်ရုံများစတင်လည်ပတ်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူစွာဆောင်ရွက် နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အခြားသော အစိုးရရုံးများနှင့် လက်တွဲလုပ်ဆောင်သွား မည်ဖြစ်ပါသည်။

အဆင်ပြေလွယ်ကူချောမွေ့စေမည့် အခြေခံအဆောက်အအုံ

ရန်ကုန် – နေပြည်တော် – မန္တလေး အဝေးပြေးလမ်းမကြီးနှင့် KMIC ကိုချိတ်ဆက်ပေးထား သော ချဉ်းကပ်လမ်းပါရှိပါသည်။ သီးခြားဓာတ်အားခွဲရုံရှိခြင်းကြောင့် တည်ငြိမ်သော လျှပ်စစ်ဓာတ် အားကို ထောက်ပံ့ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ ရေသန့်စင်ခြင်း နှင့် ရေဆိုးသန့်စင်ခြင်းများကိုလည်း စက်ရုံများတည်ဆောက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ကောင်းမွန်ပြည့်စုံသော တည်နေရာ

စက်မှုဉယျာဉ်သည် မြန်မာနိုင်ငံ၏ အဓိက ဖွံဖြိုးမှုဝင်ရိုးလမ်းကြောင်းဖြစ်သည့် ရန်ကုန်နှင့် မန္တလေးအကြားတွင် တည်ရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာ မြင့်မားပါသည်။ အဝေး ပြေးလမ်းမကြီးမှတဆင့် နေပြည်တော်နှင့် ဟံသာဝတီလေဆိပ်အသစ်ကြီးသို့ လွယ်ကူစွာ ဆက် သွယ်သွားလာနိုင်ခြင်းကြောင့် ပြည်တွင်း ပြည်ပ ကုန်ထုတ်စက်မှုလုပ်ငန်းများ၏ ရင်းနှီးမြှပ်နှံမှု တန်ဖိုးများမြင့်တက်လာမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ သက်သာသော အလုပ်သမား လုပ်အားခ

မြန်မာနိုင်ငံတွင် တစ်လလျှင် အနည်းဆုံး လုပ်ခလစာ ၁ဝ၈ အမေရိကန်ဒေါ်လာဖြင့် ပျမ်းမျှ အသက် ၂၇.၁ နှစ်ရှိသည့် ငယ်ရွယ်သော လုပ်သားအင်အားစု ရှိပါသည်။ အခြားသောအာဆီယံနိုင်ငံ များနှင့်နှိုင်းယှဉ်ကြည့်လျှင် ပိုမိုသက်သာသောလုပ်အားခဖြစ်၍ လုပ်အားအခြေပြုစက်ရုံလုပ်ငန်းများ အတွက် ရင်းနှီးမြှပ်နှံရန် သင့်တော်ကောင်းမွန်သော နေရာတစ်ခုဖြစ်ပါသည်။

Indonesia($269)

Indonesia ($269)

အင်ဒိုနီးရှားနိုင်ငံ (၂၆၉ အမေရိကန်ဒေါ်လာ)

မလေးရှားနိုင်ငံ(၂၈၈ အမေရိကန်ဒေါ်လာ)

ဖိလစ်ပိုင်နိုင်ငံ(၂၄၅ အမေရိကန်ဒေါ်လာ)

ထိုင်းနိုင်ငံ (၃၂၂ အမေရိကန်ဒေါ်လာ)

ကမ္ဘောဒီးယားနိုင်ငံ (၁၈၃ အမေရိကန်ဒေါ်လာ)

ဗီယက်နမ်နိုင်ငံ(၁၉၁ အမေရိကန်ဒေါ်လာ)

<NWPC, 10 November 2020>