ကောင်းကင်မှ မြင်ကွင်း
မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ မြောက်ဖက်ရှိ မြေနေရာကောင်းတစ်ခုမှာ၊ KMIC ရဲ့ အကျယ်အဝန်းဟာ ၅၅၆ ဧက (၂,၂၄၉,၂၈၈ စတုရန်းမီတာ) ရှိပါတယ်။ ရန်ကုန်မြို့ရဲ့ ဆိပ်ကမ်းတွေနဲ့ လေဆိပ်ကို အလွယ်တကူ ရောက်ရှိနိုင်တဲ့အတွက် ဒီနေရာကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင်၊ ဒီနေရာဟာ အရှေ့တောင်အာရှမှာ အတွေ့ရများတဲ့ ရေလျှံရေကြီးမှုအန္တရာယ် အရမ်းနည်းပါတယ်။ KMIC ဟာ ယေဘုယျအားဖြင့် ပြင်ညီတဲ့မြေပေါ်မှာ တည်ရှိပြီး၊ ဒီနေရာဟာ မိုးရေဝပ်မှု နည်းတဲ့နေရာ ဖြစ်ပါတယ်။ ဒါ့အပြင်၊ ဒီနေရာကို စနစ်တကျ စီစဉ်ထိန်းသိမ်းထားတဲ့ စိုက်ပျိုးရန်ရေလွှတ်မြောင်းတွေနဲ့ ကာရံထားပါတယ်။ ဒီအချက်တွေကြောင့် ရေတွေသဘာဝအတိုင်း စီးဆင်းပြီး၊ ဒီနေရာမှာ ရေကြီးရေလျှံမှု မရှိခဲ့ပါဘူး။
အောက်မှာပြထားတဲ့ ပုံတွေနဲ့ ဗီဒီယိုတွေမှာ ဒီနေရာရဲ့ လက်ရှိ တည်ဆောက်မှုမစခင် ကောင်းကင်မှ မြင်ကွင်းကို ပြထားပါတယ်။ ဒီနေရာအတွက် သီးသန့်ဆောက်လုပ်မယ့် လမ်းနဲ့ ကမ္ဘာ့အဆင့်မီ အခြေခံအဆောက်အဦးနဲ့ ဝန်ဆောင်မှုတွေက ဒီမြေတွေကို ကြီးမားတဲ့စက်မှုလုပ်ငန်းရှိရာ နေရာအဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။






