ရေဆိုး သန့်စင်မှုစနစ်
KMIC ဟာ စက်မှုလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်အပေါ်ဆိုးကျိုးသက်ရောက်မှုကို လျှော့ချဖို့လည်း ရည်ရွယ်ဆောင်ရွက်ပါတယ်။ ရေဟာ အရမ်းကို အရေးကြီးတဲ့ သဘာဝ အရင်းအမြစ် ဖြစ်ပါတယ်။ ဒါကြောင့်၊ ဒီစီးပွားရေးဇုန်မှာ ရေဆိုးကိုစုဆောင်းသန့်စင်နိုင်တဲ့ ခေတ်မီတဲ့ စနစ်ရှိမှာ ဖြစ်တယ်။ ဒီစနစ်ရဲ့ ရည်ရွယ်ချက်က များပါတယ်။ ရေကြီးရေလျှံမှုကို ကာကွယ်ဖို့၊ ရေကို များနိုင်သမျှ များများစုဆောင်းပြီး ပြန်လည်သန့်စင်အသုံးပြုနိုင်ဖို့၊ သဘာဝပတ်ဝန်းကျင်ထဲ အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေရောက်ရှိတာကို ကာကွယ်ဖို့ ဖြစ်ပါတယ်။









