ဘာကြောင့်မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမလဲ ?

စီးပွားရေးတိုးတက်လာမှု

၂၀၁၂ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၆ – ၈ % ဖြင့် ဆက်လက် တိုးတက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာက စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အခြေခံအဆောက်အဦးနှင့်ဝန်ဆောင်မှုတွေ ခေတ်မီလာစေဖို့၊ ပို့ကုန်တွေ အမျိုးမျိုး ထုတ်လုပ်နိုင်ဖို့၊ ဒေသအတွင်းနဲ့ နိုင်ငံတကာဈေးကွက်အတွက် တန်ဖိုးတွေထပ်မြှင့်ထားတဲ့ ထုတ်လုပ်မှုတွေတိုးချဲ့ဖို့ ရည်ရွယ်ရေးဆွဲထားတဲ့ ပေါ်လစီတွေအပေါ်အခြေခံထားပါတယ်။

တည်နေရာနှင့် ဆက်သွယ်မှု

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အကြီးဆုံး နိုင်ငံဖြစ်ပြီး၊ လူဦးရေ သန်း ၅ဝ ကျော်ရှိတဲ့ ပြည်တွင်းဈေးကွက်အပြင်၊ တရုတ်၊ အန္ဒိယ၊ အာဆီယံနိုင်ငံများနှင့် အခြား နိုင်ငံတကာ ဈေးကွက်ထဲကို ဘင်္ဂလားပင်လယ်အော်နဲ့ အန်ဒမန်ပင်လယ် တလျှောက်ရှိ ဆိပ်ကမ်းတွေကတဆင့် တိုက်ရိုက် ရောက်ရှိနိုင်ပါတယ်။

ဆယ်စုနှစ်တွေတလျှောက် စီးပွားရေးပိတ်ပင်ခံရမှုကြောင့် ခေတ်မီဖွံ့ဖြိုးမှု၊ အခြေခံအဆောက်အဦးနဲ့ဝန်ဆောင်မှု ကွန်ရက်တိုးချဲ့မှုကို အဟံအတား ဖြစ်စေခဲ့ပါတယ်။ လက်ရှိမှာ၊ မြန်မာနိုင်ငံအစိုးရဟာ အနာဂတ်စီးပွားရေး တိုးတက်နိုင်ဖို့အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ထိရောက်တဲ့ ကုန်နှင့်ဝန်ဆောင်မှုပံ့ပိုးမှုကွင်းဆက် (Supply Chains) ကို တည်ထောင်နိုင်ဖို့ ဦးစားထား လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် လျှပ်စစ်မီး၊ လမ်း၊ သံလမ်း၊ လေဆိပ်နဲ့ ဆိပ်ကမ်း စတဲ့ အခြေခံအဆောက်အဦးနဲ့ ဝန်ဆောင်မှုတွေမှာ ဖြစ်ပါတယ်။

အစိုးရစနစ်ပြောင်းလဲခြင်း

မြန်မာနိုင်ငံဟာ ဒီမိုကရေစီဝါဒကိုကျင့်သုံးပြီး ငြိမ်းချမ်းတဲ့နိုင်ငံတစ်ခုဖြစ်ဖို့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ အရေးကြီးတဲ့ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ မြန်မာနိုင်ငံအတွင်း ဆင်းရဲမှု ပပျောက်စေဖို့ နိုင်ငံတကာမှာကျင့်သုံးနေကြတဲ့ အကောင်းဆုံး နည်းလမ်းတွေကို အခြေခံပြီး၊ နိုင်ငံတဝမ်း ရေရှည်တည်တံ့မယ့် စီးပွားရေးကို ဖော်ဆောင်နိုင်ဖို့ ပြီးပြည့်စုံတဲ့ နိုင်ငံဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု (National Comprehensive Development Plan) ကို ရေးဆွဲထားပါတယ်။ တိုးတက်မှု နှောင့်နှေးတဲ့ နိုင်ငံတစ်ခုအနေနဲ့ နိုင်ငံတကာဈေးကွက်ကို ဝင်ရောက်တဲ့အခါ အကူအညီဖြစ်စေဖို့၊ မြန်မာနိုင်ငံအတွက် အခွန်စည်းကြပ်မှုမှာ ဦးစားပေးမှုတွေ ရှိပါတယ်။

မြန်မာနိုင်ငံအစိုးရက လူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ကောင်းကျိုးပြုနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးဖို့ ထက်သန်စွာ နှစ်မြှုပ်လုပ်ဆောင်ပါတယ်။ ဒါကြောင့် တချို့ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံတာကို တားမြစ်ကန့်သတ်ထားတာတွေ၊ သို့မဟုတ် သတ်သတ်မှတ်မှတ် ထောက်ခံချက်တွေ၊ လုပ်ငန်းစဉ်တွေ၊ အကျိုးတူပူးပေါင်းလုပ်ဆောင်မှုတွေ လိုအပ်နိုင်ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူတွေနဲ့ သူတို့ရဲ့ ဘဝတွေ၊ သဘာဝပတ်ဝန်းကျင်တွေအပြင်၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အပေါ်ဆိုးကျိုးသက်ရောက်မှု မရှိစေရန် သဘာဝပတ်ဝန်းကျင်နဲ့လူထုအပေါ် သက်ရောက်မှုရှိနိုင်မယ့် ဆိုးကျိုးတွေကို သုံးသပ်စစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်နိုင်မှာ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှု

လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှု

မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတနဲ့ စိုက်ပျိုးမြေ ပေါများမှုကို သာမက လုပ်ငန်းကျွမ်းကျင်ပြီး ထက်သန်ကြတဲ့ လူငယ်တွေကို ပိုင်ဆိုင်ထားပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ပြုပြင်ပြောင်းလဲခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တွေတလျှောက်မှာ၊ မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းဟာ ပိုမိုတောက်ပတဲ့အနာဂတ်အတွက် အပြောင်းအလဲတွေလုပ်ဖို့ အရည်အချင်းပြည့်ဝကြောင်း သက်သေပြခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ အခွင့်အလမ်းအသစ်တွေနဲ့ နည်းပညာအသစ်တွေကို အသုံးချတဲ့နေရာ (မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်နည်းပညာဖြင့် ကျော်တက်ခြင်း) မှာ အလိုက်သင့် ပြောင်းလဲလုပ်ဆောင်နိုင်ကြောင်း ပြသခဲ့ပါတယ်။ တပြိုင်တည်းမှာ ဝန်ထမ်းတွေအဖြစ် စွန့်ဦးတည်ထွင်လုပ်ငန်းရှင်တွေအဖြစ် တိုးတက်သင်ယူနေတဲ့ လူ့အဖွဲ့အစည်းမှာ ပညာရပ်အသစ်တွေ ကျွမ်းကျင်မှုအသစ်တွေကို သင်ယူဆည်းပူး နေကြပါတယ်။ အထူးသဖြင့်ရန်ကုန်နဲ့ လူနေထူထပ်တဲ့ မြို့ပြတွေမှာ၊ ရိုးရာယဉ်ကျေးမှုနဲ့ ခေတ်မီဖွံ့ဖြိုးမှုဟာ သင့်မြတ်စွာ ပေါင်းစပ်ရောထွေးနေပြီး၊ ဒေသခံ လူ့အဖွဲ့အစည်းကလည်း နိုင်ငံခြားယဉ်ကျေးမှုနဲ့ လွှမ်းမိုးမှုကို နွေးထွေးစွာ ကြိုဆိုလက်ခံကြပါတယ်။