ကိုရီးယား မြေနှင့်အိမ်ရာ ကော်ပိုရေးရှင်း (LH )

တည်ထောင်ရခြင်း ရည်ရွယ်ချက်

နိုင်ငံသူနိုင်ငံသားများအတွက် အတည်တကျနေထိုင်သွားနိုင်မည့် အိမ်ရာများ ဖန်တီးပေးခြင်း ၊ နိုင်ငံပိုင်မြေများအား ထိရောက်စွာအသုံးချနိုင်ခြင်းအားဖြင့် နိုင်ငံသားတို့၏ ဘဝနေထိုင်မှု အရည်အသွေး များ နှင့် နိုင်ငံ၏စီးပွားရေးကဏ္ဍ တိုးတက်လာစေရန် ရည်ရွယ်၍ LH ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

အဓိက တာဝန်များ

မတည်ရင်းနှီးငွေ

ပြည်သူများ၏  လူနေအိမ်ရာ ဖူလှုံရေးကို အခြေတည်တံ့အောင် ဆောင်ရွက်ပေးရန်နှင့် နိုင်ငံ၏ စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှုကို  အထောက်အကူပြုနိုင်ရန်အတွက်  LH တွင် လုပ်ငန်းတွင်း  တရားဝင် ရင်းနှီးမြှပ်နှံငွေ (၃၅) ထရီလီယံဝမ် နှင့် ပြင်ပရင်းနှီးမြှပ်နှံသူများ( အစိုးရ ၊ Korea Development Bank စသည်)ထည့်ဝင်ငွေ  (၂၉.၄ )ထရီလီယံဝမ် ရှိပါသည်။

အဖွဲ့အစည်းနှင့်လုပ်သားအင်အားစု

LH အဖွဲ့အစည်းတွင်ဌာနခွဲ (၈)ခုဖြင့်ဖွဲ့စည်းထားသော ပင်မဌာနချုပ်(၁)ခု၊ သုတေသနဌာန (၁)ခု၊ ဒေသဆိုင်ရာဌာနချုပ်(၁၂)ခု၊ သီးခြားစီမံကိန်းဌာနခွဲ(၂)ခုနှင့် ဌာနပေါင်း (၄၅)ခု ပါဝင်ဖွဲ့စည်းထားပါသည်။ 

မြေနှင့်အိမ်ရာကဏ္ဍကိုအထူးပြုသော ကျွမ်းကျင်ဝန်ထမ်းပေါင်း ၆၄၉၅ ဦးသည် နိုင်ငံပိုင်မြေနှင့် အိမ်ရာ မူဝါဒများကို  စည်းစနစ်ကျနစွာ  အကောင်အထည်ဖော်ဆောင်နိုင်‌ရေးအတွက်  အားထုတ်လုပ်ဆောင် လျက်ရှိပါသည်။

အဓိကကျသော စီမံကိန်းများ

ရည်ရွယ်ချက် နှင့် ရည်မှန်းချက်