စုံစမ်းမေးမြန်းမှုများ သို့မဟုတ် တိုင်ကြားမှုများ
ဖောက်သည်တွေထံက ပြောကြားမှုများက KMIC ရဲ့ လုပ်ငန်းကို အများကြီး တိုးတက်စေနိုင်မှာ ဖြစ်ပါတယ်။ မှတ်ချက်များ သို့မဟုတ် မကျေနပ်ချက်များကို အောက်ပါ ဖောင်ကို အသုံးပြုပြီး ပို့ပေးပါ။ ဒါက စုံစမ်းမေးမြန်းမှုကို လက်ခံတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။
ဆက်သွယ်ရန်ပုံစံ
KMIC မကျေနပ်ချက်ကို စီမံကိုင်တွယ်ခြင်းလုပ်ငန်းစဉ်
မိတ်ဆက်
ဝန်ဆောင်မှု စီမံအုပ်ချုပ်မှုနှင့်ဆိုင်တဲ့ မကျေနပ်ချက်တွေကို၊ ဖြစ်နိုင်လျှင် လုပ်ငန်းအတွင်းမှာ စနစ်တစ်ခုတည်းကနေ ကိုင်တွယ်ဖြေရှင်းပြီး၊ မကျေနပ်ချက်ကိုဖြေရှင်းခြင်း လုပ်ငန်းစဉ်အတိုင်း လိုက်နာဆောင်ရွက်နိုင်စေရန်၊ မကျေနပ်ချက်ကို စီမံကိုင်တွယ်ခြင်းလုပ်ငန်းစဉ်ကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေမှာ ဝန်ဆောင်မှုအသုံးပြုသူတွေမှ သို့မဟုတ် သူတို့ကိုယ်စား တိုင်ကြားလာတဲ့ မကျေနပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေကို ဖော်ပြထားပါတယ်။
ရည်ရွယ်ချက်များ
မကျေနပ်ချက်ကို စီမံကိုင်တွယ်ခြင်းလုပ်ငန်းစဉ်ဟာ အောက်ပါအချက်တွေကို လုပ်ဆောင်ပေးဖို့ ရည်ရွယ်ပါတယ်
- တိုင်ကြားမှုတွေကို စီမံကိုင်တွယ်ဖို့ စည်းဘောင်တစ်ခုပေးရန်။
- အမြဲဆက်လက်တိုးတက်နေမှုကို အထောက်အကူဖြစ်စေမယ့်ပုံစံဖြင့် မကျေနပ်ချက်ကို ကိုင်တွယ်နိုင်မယ့် စနစ်တစ်ခု ပေးရန်။
- ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေကို သူတို့အတွက်ရရှိနိုင်မယ့် ဖြေရှင်းမှုနည်းလမ်းတွေအကြောင်း အသိပေးရန်။
ပေါ်လစီ ထုတ်ပြန်ချက်
မကျေနပ်ချက်ကို စီမံကိုင်တွယ်ခြင်းလုပ်ငန်းစဉ်ဟာ၊ KMIC ရဲ့ ဝန်ဆောင်မှုအားလုံးမှာ ပွင့်လင်းမြင်သာပြီး မြန်ဆန်ထိရောက်တဲ့ မကျေနပ်ချက်ဖြေရှင်းခြင်းလုပ်ငန်းစဉ်တွေကို ပံ့ပိုးပေးဖို့ ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ တိုင်ကြားမှုတွေကို ပြင်ပကို မပေါက်ကြားစေတဲ့ နည်းနဲ့ ဖြေရှင်းပေးမှာ ဖြစ်ပြီး၊ တိုင်ကြားလိုက်တဲ့အတွက်ကြောင့် တိုင်ကြားသူကို KMIC မှ တုံ့ပြန်လက်စားချေမှုတွေ ရှိမှာ မဟုတ်ပါဘူး။
မူများ
မကျေနပ်ချက်အားလုံးကို နှစ်ဦးနှစ်ဖက်လက်ခံနိုင်တဲ့ အဖြေတစ်ခုရရန်အပြင်၊ ဝန်ဆောင်မှုပေးခြင်းနှင့် လုပ်ထုံးလုပ်နည်းတွေမှာ ပိုကောင်းလာအောင် ပြုပြင်မှုတွေရှိကြောင်း အားလုံးကို အသိပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စေ့စပ်စွာ မြန်ဆန်ထိရောက်စွာ စုံစမ်းစစ်ဆေးပေးမှာ ဖြစ်ပါတယ်။ မကျေနပ်ချက်တွေကို မြန်ဆန်ထိရောက်စွာ ဖြေရှင်းနိုင်ဖို့၊ KMIC ကို အောက်ပါ မူတွေနဲ့ လမ်းညွှန်ထားပါတယ် –
- ဖောက်သည်ရဲ့ အခွင့်အရေးနှင့်တာဝန်များ။
- ဖောက်သည်ရဲ့ စိတ်ကျေနပ်မှု။
- ဖောက်သည်ကိုအဓိကထားတဲ့ ဝန်ဆောင်မှု။
- အရည်အသွေးတိုးတက်စေမှုမှာ ဖောက်သည်ကို ပါဝင်ဆောင်ရွက်စေမှု။
မကျေနက်ချက်တွေကို ဖြေရှင်းခြင်းရဲ့အကျိုးကျေးဇူးများ
မကျေနပ်ချက်တွေကို ထိရောက်စွာ လေ့လာသုံးသပ်ခြင်းအားဖြင့်
- ဝန်ဆောင်မှုကို ပြန်လည်ဒီဇိုင်းဆွဲနိုင်စေတယ်။
- ပေါ်လစီတွေ လုပ်ငန်းစဉ်တွေကို ပိုကောင်းအောင် ပြုပြင်နိုင်စေတယ်။
- မြန်ဆန်မှု ထိရောက်မှုကို ပိုမြင့်မားလာနိုင်စေတယ်။
- ဖောက်သည်တွေ လိုအပ်နိုင်မယ့်အချက်အလက်တွေကို ပြန်လည်သုံးသပ်နိုင်စေတယ်။
- ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်အပေါ်လူ့အဖွဲ့အစည်းရဲ့ ယုံကြည်မှု တိုးများလာစေနိုင်တယ်။
- ပွင့်လင်းမြင်သာမှု တာဝန်ယူတာဝန်ခံမှု ပေးနိုင်စေတယ်။ THE COMPLAINT
မကျေနပ်ချက်ကို စီမံကိုင်တွယ်ခြင်းလုပ်ငန်းစဉ်
မကျေနပ်ချက်ကို စီမံကိုင်တွယ်ခြင်းလုပ်ငန်းစဉ်ဟာ ဖောက်သည်တွေ ပြောကြားလာတဲ့အချက်ကို အသုံးပြုပြီး၊ အောက်ပါအတိုင်း ဖောက်သည်တွေရဲ့ ကျေနပ်မှုကို တိုးစေပြီး လုပ်ငန်းကိုလည်း ပိုမိုတိုးတက်စေနိုင်ပါတယ်
- ဝန်ဆောင်မှုကောင်းပေးခြင်းဖြင့် တာဝန်ယူတာဝန်ခံခြင်း။
- မကျေနက်ချက်တွေကို ဖြေရှင်းခြင်း။
- အချက်အလက်တွေကို စုဆောင်းပြီး လေ့လာသုံးသပ်ခြင်း။
- ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကိုင်တွယ်စီမံခြင်း။
- ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကို စနစ်တကျဖြေရှင်းခြင်း။
မကျေနပ်ချက်တွေကို စီမံကိုင်တွယ်ခြင်း
မကျေနက်ချက်ကို စီမံကိုင်တွယ်ခြင်းလုပ်ငန်းစဉ်ဟာ မျှတမှုနှင့် ပြင်ပကိုမပေါက်ကြားစေမှုဆိုတဲ့ ဘောင်အတွင်းမှာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ မကျေနပ်ချက်ကို စီမံကိုင်တွယ်ခြင်း လုပ်ငန်းစဉ်မှာ အောက်ပါအချက်တွေ ပါဝင်မှာ ဖြစ်ပါတယ် –
- မကျေနပ်ချက်ကို စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်။
- မကျေနပ်ချက်ကို မှတ်တမ်းယူထားမယ့် ညှိနှိုင်းဆောင်ရွက်ပေးတဲ့ဗဟိုတစ်ခု။
- မကျေနပ်ချက်ကို စီမံကိုင်တွယ်ခြင်း လုပ်ငန်းစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်မှာ ဖြစ်ပါတယ် –
– မကျေနပ်ချက်ကို တိုင်ကြားလာတဲ့နေ့မှစ၍ ရုံးဖွင့်ရက် (၂) ရက်အတွင်း လက်ခံရရှိကြောင်း အကြောင်းပြန်ပေးခြင်း။
– မကျေနပ်ချက်ကို တိုင်ကြားလာတဲ့ နေ့မှစ၍ (၅) ရက်အတွင်း မကျေနပ်ချက်ကို စုံစမ်းစစ်ဆေးမှု စတင်ခြင်း။
– အားလုံးရဲ့အကျိုးကို ရည်စူးပြီး မကျေနပ်ချက်ကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းပေးခြင်း၊ ပုံမှန်အားဖြင့် တိုင်ကြားမှုကို လက်ခံရရှိတဲ့နေ့ကစပြီး ရက် (၃၀) အတွင်း ဖြေရှင်းပေးခြင်း။
– နှောင့်နှေးကြန့်ကြာမှုများရှိခဲ့လျှင်၊ တိုင်ကြားထားသူကို မကျေနပ်ချက်အား စုံစမ်းစစ်ဆေးမှုရဲ့ အခြေအနေကို (၁၅) ရက် တစ်ကြိမ်နှုန်းဖြင့် အသိပေးအကြောင်းကြားခြင်း။
တိုင်ကြားထားတဲ့ မှတ်တမ်းတွေကို သိမ်းဆည်းခြင်း
တိုင်ကြားလာတဲ့ မကျေနပ်ချက်အားလုံးကို ဖောက်သည်ရဲ့ အချက်အလက်တွေ စာချုပ်စာတမ်း မှတ်တမ်းတွေနဲ့ သီးခြား မှတ်တမ်းယူထားမှာ ဖြစ်ပါတယ်။ တိုင်ကြားထားတဲ့ မှတ်တမ်းအားလုံးကို စောင့်ကြည့်သုံးသပ်ရန် ရည်ရွယ်ချက်ဖြင့် အနည်းဆုံး ၅ နှစ် သိမ်းထားမှာ ဖြစ်ပါတယ်။ ပြင်ပကို မပေါက်ကြားရန် ရည်ရွယ်ချက်ဖြင့် မှတ်တမ်းတွေကြည့်ရှုခြင်းကို ကန့်သတ်ထားမှာဖြစ်ပြီး၊ မှတ်တမ်းတွေကို ဗဟိုဌာနတစ်ခုမှာ သိမ်းထားမှာ ဖြစ်ပါတယ်။






