အကောင်းဆုံး ရင်းနှီးမြှပ်နှံမှု
KMIC သည် မြန်မာနိုင်ငံ၏ အရှိန်အဟုန်ဖြင့် တိုးတက်နေသော စီးပွားရေးနှင့်အတူ ဖွံ့ဖြိုးကြီးထွား အောင်မြင်နိုင်မည့် အကောင်းဆုံးအခွင့်အလမ်းကို ပေးစွမ်းမည်ဖြစ်ပါသည်။ လေဆိပ် ၊ ဆိပ်ကမ်းများ နှင့်အနီးဝန်းကျင်တွင်တည်ရှိနေခြင်းကြောင့် အရှေ့တောင်အာရှ၏ စီးပွားရေးစျေးကွက်ကိုအကောင်း ဆုံးဆက်သွယ်ခြေလှမ်းနိုင်မည်ဖြစ်ပါသည်။ အဆင့်အတန်းမြင့်မား သာလွန်ကောင်းမွန်သောအခြေခံ အဆောက်အအုံပါရှိခြင်းကြောင့် လျှပ်စစ်ဓာတ်အားနှင့် ရေထောက်ပံ့ခြင်းကို အလုံအလောက်ပေးနိုင် မည်ဖြစ်ပါသည်။ နိုင်ငံတွင်း ဆက်သွယ်သွားလာနိုင်မည့် အဝေးပြေးလမ်းမကြီးနှင့် ချိတ်ဆက်သွယ် တန်းထားသည့်သီးခြားလေးလမ်းသွားလမ်းမကြီးကိုလည်းဖောက်လုပ်တည်ဆောက်မှာဖြစ်ပါ သည်။ စိတ်အားထက်သန်တက်ကြွပြီး ကျွမ်းကျင်လုပ်သားအင်အားစုများဖြင့် လုပ်ငန်းလုပ်ကိုင်ရခြင်းသည် ကုန်ကျစရိတ်ကိုထိရောက်စွာ သက်သာစေမည်ဖြစ်ပါသည်။
အကျဉ်းချုံး
အမည်
:
ကိုရီးယား - မြန်မာ စက်မှုဇုန် စီမံကိန်း
တည်နေရာ
:
ညောင်နှစ်ပင် ( လှည်းကူးမြို့နယ်)
မြေအကျယ်အဝန်း
:
၅၅၆ ဧက ( ၂၂၄၉၂၈၈ စတုရန်းမီတာ)
အပိုင်း - တစ် (၁၂၇၃၅၁၄ စတုရန်းမီတာ),
အပိုင်း - နှစ် (၉၇၅၇၇၄ စတုရန်းမီတာ)
တည်ဆောက်ရေးကာလ
:
၂ဝ၂ဝ မှ ၂ဝ၂၄ အထိ
စီမံကိန်းဖွဲ့စည်းပုံ
မြန်မာ (ဆောက်လုပ်ရေးဝန်ကြီးဌာန)
(၄ဝ % )
မြေနေရာ စိုက်ထုတ်ထည့်ဝင်ခြင်း
စီမံကိန်းပြင်ပ အခြေခံအဆောက်အအုံ
အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု … စသည်
LH အကျိုးတူအဖွဲ့အစည်း
(LH ၄ဝ % + Global SAE- A ၂ဝ% )
ဘဏ္ဍာငွေ စိုက်ထုတ်ထည့်ဝင်ခြင်း
စီမံကိန်း စီမံခန့်ခွဲမှု
စျေးကွက်ရှာဖွေခြင်း … စသည်







