KMIC ကုမ္ပဏီ?
လျင်မြန်စွာ တိုးတက်နေသော မြန်မာနိုင်ငံတွင် KMIC သည် အဆင့်အမြင့်ဆုံးသောစက်မှု လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုပြယုဂ်တစ်ရပ်ဖြစ်ပါသည်။ အဆင်ပြေကောင်းမွန်သော ထိပ်တန်း အဆင့်တည်နေရာ တွင် ကမ္ဘာ့အဆင့်မှီ အခြေခံအဆောက်အအုံများပါရှိခြင်းအပြင် သာလွန်သော လုပ်ငန်းအခွင့်အလမ်းရရှိနိုင်မှုများပေါင်းစည်းထားခြင်းကြောင့်လာရောက်ရင်းနှီးမြှပ်နှံမည့်ကုမ္ပဏီ များအတွက်သန်းထောင်ချီတန်သောစျေးကွက်အလားအလာများပေးစွမ်းနိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်
- ရင်းနှီးမြှပ်နှံသူများအတွက် လုပ်ငန်းလည်ပတ်မှုစရိတ်လျှော့ချစေနိုင်မည့်အပြင် တချိန်တည်း မှာပင်အမြင့်ဆုံးသောနိုင်ငံတကာစံချိန်စံနှုန်းများပေးစွမ်းနိုင်မည့်မြန်မာနိုင်ငံ၏အကောင်းဆုံး စက်မှုဇုန်စီမံကိန်းတစ်ခုဖြစ်စေရန်
- စီးပွားရေး ၊ လူမှုရေး နှင့်စက်မှုလုပ်ငန်းဆိုင်ရာ ပြောင်းလဲလာမှုများနှင့်အညီ စဉ်ဆက်မပြတ် သော ဆန်းသစ်တီထွင်မှုများလုပ်ဆောင်လျက် တီထွင်ဖန်တီးမှုများနှင့်ပေါင်းစည်းထားသော စက်မှုလုပ်ငန်းများ ပံ့ပိုးပေးခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း ၊ နိုင်ငံ၏ စက်မှုလုပ်ငန်းကဏ္ဍ တိုးတက်ရေးနှင့် ရင်းနှီးမြှပ်နှံမည့် ကုမ္ပဏီများ၏ လုပ်ငန်း တိုးတက်ရေးများတွင် ဦးဆောင်နိုင်ရန်
- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကျိုးကျေးဇူး ရရှိစေနိုင်မည့် ပန်းခြံများ ၊ စိမ်းလန်းမြေ များ ဖန်တီးပေးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်စေမှု အနည်း ဆုံး ဖြစ်စေရေးဆောင်ရွက်ရန်
ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်
- မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်လာရောက်ရင်းနှီးမြှပ်နှံမည့်ကုမ္ပဏီများအားကြွယ်ဝချမ်းသာ ခြင်းများယူဆောင်လာပေးရန် ဖြစ်ပါသည်။ KMIC သည်လူတိုင်းအတွက်အလုပ်အကိုင်အခွင့် အလမ်းများစွာဖန်တီးပေးမည်ဖြစ်ပါသည်။ နိုင်ငံတကာမှလာရောက်ရင်းနှီးမြှပ်နှံမည့်ကုမ္ပဏီ များအတွက် လုပ်ငန်းများ ကောင်းမွန်စွာ လုပ်ကိုင်နိုင်စေရန် ပြီးပြည့်စုံပြီးကုန်ကျစရိတ်သက် သာ စေမည့်နေရာကောင်းတစ်ခုဖန်တီးပေးနိုင်မည့်အပြင် ထောင်ပေါင်းများစွာသော ဒေသခံ ပြည်သူများ၏ လူနေမှုဘဝများအား ပိုမိုကောင်းမွန်လာစေနိုင်မည်ဖြစ်ပါသည်။
အနာဂတ်ကို ပုံဖော်တည်ဆောက်ခြင်း
စီးပွားရေးလုပ်ငန်းများသည် ကမ္ဘာကြီးကို တစုတစည်းတည်း ပေါင်းစည်းသွားစေနိုင်သော စွမ်းအားတစ်ရပ်ဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် ကာလတစ်လျှောက်တွင် နိုင်ငံတကာ ကုန်သွယ်ရေး၏ အကျိုးရလဒ်အနေဖြင့် နိုင်ငံအများစုကိုဆင်းရဲခြင်းမှလွတ်မြောက်နိုင်ခဲ့ပြီး အင်အားကြီးမားသောနိုင်ငံတွေအဖြစ်နေရာ နိုင်ငံတကာအလယ်နေရာယူလာနိုင်စေခဲ့သည်။ KMIC သည် မြန်မာနိုင်ငံအတွက် ပိုမိုတောက်ပသော အနာဂတ်ကို ဖန်တီးပေးဖို့ အကူအညီ ပေးနိုင်မှာ အသေအချာပင်ဖြစ်ပါသည်။များစွာသော ကောင်းကျိုးများကို ရရှိစေနိုင်မည်ဖြစ် ပါသည်။ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိကြတဲ့ စီးပွားရေးဆိုင်ရာကုမ္ပဏီများသည်အခုလိုပေါ်ထွန်း လာသော စီးပွားရေးစျေးကွက်အတွင်း အောင်မြင်ကြီးပွားနိုင်မည့် အခွင့်အလမ်းများရရှိနိုင် မည့်အပြင် အိမ်နီးချင်း နိုင်ငံများနှင့်ပါ ပိုမိုလွယ်ကူစွာထိတွေ့ဆက်ဆံနိုင်မည် ဖြစ်ပါသည်။ KMIC သည်ကျွန်ုပ်တို့အားလုံး၏အနာဂတ်များကိုပိုမိုကောင်းမွန်စေမည့်နှစ်ဦးနှစ်ဖက်အကျိုး ဖြစ်ထွန်းစေနိုင်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။






