Global Sae-A

ရည်ရွယ်ချက်

၁၉၈၆ ခုနှစ်က စတင်တည်ထောင်ခဲ့သော Sae – a သည် ဝန်ထမ်းများစွာ ၊ ဖောက်သည်များစွာ ဖြင့် ကမ္ဘာ့အဆင့် အဖွဲ့အစည်းတစ်ခုအဖြစ် ဖြစ်တည်လာခဲ့ပါပြီ။ စက်ရုံအလုပ်သမားတွေကနေ အင်ဂျင် နီယာတွေအထိ၊ အထည်အလိပ်ဒီဇိုင်နာတွေကနေ စီမံကိန်းမန်နေဂျာတွေအထိ ၊ ကျွမ်းကျင်ပြီးထက်သန် စွာအားစိုက်ထုတ်ဆောင်ရွက်လျက်ရှိသော ကျွန်ုပ်တို့၏ လုပ်သားအင်အားစုသည် ကျွန်ုပ်တို့အောင်မြင်မှု ၏အဓိကအကြောင်းအရင်းဖြစ်ပြီး ယင်းအချက်သည် ကျွန်ုပ်တို့အား ပြိုင်ဘက်လုပ်ငန်းများနှင့်သီးခြား ခွဲ ထွက် မြင်သာစေပါသည်။ကမ္ဘာလုံးအတိုင်းအတာနှင့် လုပ်ငန်းလည်ပတ်နေရခြင်းဖြစ်၍  Sae – a သည် ပြောင်းလဲတိုးတက်လျက်ရှိသော စျေးကွက်အတိုင်း အချိန်နှင့်တပြေးညီ အလိုက်သင့်ပြောင်းလဲ လုပ် ဆောင်နေပါသည်။ကုမ္ပဏီ၏စံချိန်စံညွှန်းနှင့်အညီ အရည်အသေွးအမြင့်ဆုံး ထုတ်ကုန်များကို ထုတ်လုပ် ရာတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ပိုမို၍ ဘေးကင်းလုံခြုံပြီး မြန်ဆန်ထိ‌ရောက်စေနိုင်ရေး အတွက် နည်းပညာအသစ်များ ၊ တီထွင်ဆန်းသစ်မှုအသစ်များဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ လွန်ခဲ့ သောနှစ်ပေါင်း သုံးဆယ်ခန့်က ပြည်တွင်းကုမ္ပဏီတစ်ခုအဖြစ်ကနေ ယနေ့လက်ရှိ ကမ္ဘာတစ်ဝှမ်းတွင် လုပ်ငန်းလည်ပတ်နိုင်သည်အထိကြီးထွားလာခဲ့ပြီဖြစ်သော်လည်း ကျွန်ုပ်တို့၏ စီးပွားရေးဆိုင်ရာ အတွေး အခေါ်သည် အဓိကနိယာမ သုံးခုအပေါ်တွင် အခြေခံထားဆဲပင်ဖြစ်ပါသည်။

တိုက်ကြီး(၄)တိုက်ရဲ့ နိုင်ငံပေါင်း (၁ဝ)နိုင်ငံတွင် ဝန်ထမ်းပေါင်း (၆ဝဝဝဝ)ကျော် အလုပ်လုပ်ကိုင် လျက်ရှိရာ အထက်ဖော်ပြပါနိယာမများနှင့်အညီ ကျင့်သုံးနိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု၏ ရှုပ်ထွေးနက်နဲမှုများကို နားလည်သဘောပေါက်ရမည်ဖြစ်ပြီး တချိန်တည်းမှာပင်စက်မှုစီးပွားရေးဆိုင်ရာ အကောင်းဆုံးသော အလေ့အကျင့်များကိုလည်း တသဝေမသိမ်းလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များသည် ဘေးကင်းလုံခြုံပြီး တစ်ဦးနှင့်တစ်ဦးရိုင်းပင်းကူညီပေးကြသည့် လုပ်ငန်းခွင်အတွင်း အရည်အသွေးမြင့်မားကောင်းမွန်သောထုတ်ကုန်များကို ထုတ်လုပ်ပေးလျက်ရှိပါ သည်။ လုပ်ငန်းခွင်ပိုင်းဆိုင်ရာတွင် Sae – a သည် ဒေသတွင်း၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ လုပ်ဆောင်နေသည်သာမက လိုအပ်သည်ထက်ပိုပြီး ပံ့ပိုးပေးလျက်ရှိပါသည်။လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့တွေကနေ လုပ်ငန်းခွင်အတွင်း ပုံမှန်လှည့်ပတ်စစ်ဆေးမှုများအပါအဝင်တင်းကြပ်သော လုံခြုံရေးနှင့်စည်းကမ်းလိုက်နာရေးဆိုင်ရာ ပြဌာန်းချက်များထားရှိခြင်းအားဖြင့် ခြေတစ်လှမ်းသာလျက် ရှိပါသည်။ ကုမ္ပဏီတွင်း ရာထူးတိုးရေးနှင့် ကုမ္ပဏီပြင်ပ စွမ်းဆောင်ရည်တိုးရေးအတွက် လုပ်ငန်းခွင် လေ့ကျင့်ရေးအစီအစဉ်များနှင့် အခွင့်အလမ်းများပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဝန်ထမ်းများအပေါ်တွင် များစွာရင်းနှီးမြှပ်နှံထားပါသည်။ လူငယ်များစွမ်းဆောင်ရည်တိုးတက်လာစေရန်၊ စဉ်ဆက်မပြတ်စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်နှင့် ဒေသတွင်းလူ့အဖွဲ့အစည်း၏ အရေးအကြီးဆုံးသောလိုအပ်ချက် များကိုဖြေရှင်း‌ပေးနိုင်ရန် အဓိကထား ရေးဆွဲထားသော အစီအစဉ်များတွင်လည်း ရင်းနှီးမြှပ်နှံပါသည်။

            နိုင်ငံတကာကုန်သွယ်ရေးဟာ ‌ဒေသခံလူ့အဖွဲ့အစည်းတွေအတွက် အခွင့်အလမ်းသစ်တွေဆီ ခြေလှမ်းနိုင်စေမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကိုလည်းအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်သည်ကို ကျွန်ုပ်တို့ Sae – a က ယုံကြည်ပါသည်။ ရာသီဉတုပြောင်းလဲလာမှုရဲ့ ဆိုးကျိုးအန္တရာယ်များကိုနားလည် သဘောပေါက်လာသည်နှင့်အမျှ ၄င်း၏ဆိုးကျိုးသက်ရောက်စေနိုင်မှုကို လျှော့ချနိုင်ရန် ကျွန်ုပ်တို့တတ် နိုင်သမျှဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့ လုပ်ငန်းဆောင်ရွက်မှုနယ်ပယ်ရှိသဘာဝပတ်ဝန်းကျင် စောင့် ကြည့်ထိန်းသိမ်းရေးအဖွဲ့အစည်းများနှင့်အပြည့်အဝပူး‌ပေါင်းလုပ်ဆောင်လျက်ရှိပြီးသဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချနိုင်သည့် နည်းပညာအသစ်များကိုလည်း တက်ကြွစွာ ရင်းနှီးမြှပ်နှံလျက်ရှိပါသည်။

            ယနေ့အချိန်ထိ ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်မှုပုံစံနှင့် လုပ်ငန်းဆောင်ရွက်မှုခံယူချက်များ သည် ပြည်တွင်း မိသားစုဆန်ဆန်လည်ပတ်နေသည့် မူလပုံစံအတိုင်း ဆက်လက်၍ စစ်မှန်စွာ ရှိနေ သည့်အပေါ် များစွာ ဂုဏ်ယူမိပါသည်။ ကျွန်ုပ်တို့နှင့် လက်ရှိလုပ်ငန်းလက်တွဲလုပ်ဆောင်လျက်ရှိသော စီးပွားဖက်များနှင့် ကောင်းမွန်သောဆက်ဆံရေးများကို ပိုမိုအားကောင်းလာစေပြီး ၊ နောင် အနာဂတ်မှာ စီးပွားဖက်အသစ်များနှင့် လက်တွဲသွားနိုင်ရေးကိုလည်း အားစိုက်ထုတ်လျက် ကျွန်ုပ်တို့ရဲ့ မြင့်မား ကောင်းမွန်သော အရည်အသွေးကိုလည်း လာမယ့်အနာဂတ်နှစ်ပေါင်းများစွာထိအောင် ဆက်လက်ထိန်း သိမ်းသွားနိုင်ဖို့ မျှော်လင့်ပါသည်။

ကျွန်ုပ်တို့အကြောင်း

Sae – a အကြောင်း အကျဉ်းချုပ်

တီထွင်ဖန်တီးမှုနည်းပညာအသစ်များကို အသုံးချပြီး ကျွန်ုပ်တို့ ချည်မျှင်စက်ရုံတွေမှ ချည်မျှင်လုံး များထုတ်လုပ်မှုကနေ  ကိုရီးယားနိုင်ငံတွင်း  လက်လီရောင်းချမှုလုပ်ငန်းအထိ  ကုန်စည်နှင့်ဝန်ဆောင်မှု ပံ့ပိုးရေးကွင်းဆက်ကို  အစမှအဆုံးထိ  လုပ်ကိုင်လည်ပတ်လာနိုင်သည့်  Sae – a သည် အထည်အလိပ် ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း အနည်းစုထဲမှ တစ်ခုဖြစ်လာပါသည်။ Sae – a အတွက် စီးပွားရေးလုပ်ငန်း ဆိုသည်မှာ လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် မှတ်ယူထားပါသည်။ ကျွန်တော်တို့ ကုမ္ပဏီဟာ ဒေသအတွင်းရော ကိုယ့်လုပ်ငန်းတည်ရှိတဲ့နေရာတွေအားလုံးမှာပါ ဒေသခံလူ့အဖွဲ့အစည်းအကျိုးပြု လုပ်ဆောင်မှုတွေမှာ ပါဝင်တဲ့အပြင် မိမိအဖွဲ့အစည်းရဲ့ လူမှုတာဝန်တွေကိုပါ ထမ်းဆောင်ပါတယ်။ ကျွန်တော်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေကို ကိုယ်ရည်ကိုယ်သွေးတိုးတက်နိုင်မှု၊လုပ်ငန်းခွင်မှာတိုးတက် နိုင်မှုစတဲ့အခွင့်အလမ်းတွေကိုပေးပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းတွေကိုတိတိကျကျလိုက်နာတဲ့ အပြင်ဒေသဆိုင်ရာကျန်းမာရေးနှင့် အခြားပညာပေးအစီအစဉ်တွေကိုပါပံ့ပိုးပေးပါတယ်။ စံပြစီးပွားရေး အဖွဲ့အစည်းတစ်ခုဖြစ်ခြင်းက Sae – a အတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။

Orginazation

လုပ်ငန်းလုပ်ကိုင်မှုခံယူချက်နှင့်ကျင့်ဝတ်များ

လုပ်ဖော်ကိုင်ဖက်များ

ကုမ္ပဏီအတွင်း ဦးဆောင်မှု

ကုန်စည်နှင့်ဝန်ဆောင်မှု ပံ့ပိုးသူများနှင့်ဆိုင်သည့် မူများ

အစိုးရ ၊ လူ့အဖွဲ့အစည်းနှင့်ဆိုင်သည့် မူများ