မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန
ဆောက်လုပ်ရေး ဝန်ကြီးဌာန
ကျွန်တော်တို့အကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တာဝန်က မြန်မာနိုင်ငံတဝမ်းမှာ အိမ်ရာများ၊ အဆောက်အဦးများ၊ အခြေခံ အဆောက်အဦးနှင့် ဝန်ဆောင်မှုများ တည်ဆောက်ရန် ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အောက်မှာ အဆောက်အဦး ဦးစီးဌာန၊ လမ်း ဦးစီးဌာန၊ တံတား ဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန (DUHD)၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန စတဲ့ ဌာနငါးခုကို ဖွဲ့စည်းထားပါတယ်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုအတွက် တာဝန်ရှိတဲ့ အစိုးရဌာနဖြစ်ပါတယ်။ ဒီဌာနဟာ၊ အောက်ပါကဏ္ဍ တွေကို စီစဉ်အကောင်အထည်ဖော်ရာမှ ထွက်ပေါ်လာတဲ့ အခြေခံအဆောက်အဦးနှင့် ဝန်ဆောင်မှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အကောင်းဆုံးကြိုစားနေပါတယ် –
- မြို့ပြတည်ထောင်ရေး ပရောဂျက်များ
- မြို့သစ်တည်ထောင်ရေး ပရောဂျက်များ
- အိမ်ရာတည်ဆောက်ရေး စီမံချက်အမျိုးမျိုး
- စက်မှုဇုန် တည်ထောင်ခြင်းများ
တည်ထောင်ဖြစ်ပေါ်မှု
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနဟာ၊ ၁၈၅၂ ခုနှစ်မှာ ရန်ကုန်မြို့ကို စီးပွားရေးနှင့် နိုင်ငံရေးအချက်အချာ နေရာဖြစ်လာအောင် မြေတွေကို ဖွံ့ဖြိုးရန် ရောင်းချရန် တည်ထောင်ခဲ့တဲ့ ရန်ကုန်မြူနီစပါယ်မှ စတင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ၊ ပြောင်းလဲလာတဲ့ စီးပွားရေး မူဝါဒတွေအလိုက် ဒီအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ၁၈၇၄ ခုနှစ်မှာ၊ ရန်ကုန်မြူနီစပါယ်ဟာ မြေဂရန် စနစ်ဖြင့် မြေတွေငှားရမ်းပေးခဲ့ပြီး၊ စီမံခံ့ခွဲမှုနှင့် ဖွံ့ဖြိုးရေးကုန်ကျစရိတ်တွေကိုကာမိဖို့ မြေငှားရမ်းခတွေကို ကောက်ခံခဲ့ပါတယ်။

ရည်မှန်းချက်
- မျှတ၍ ရေရှည်တည်တံ့ပြီး ပြီးပြည့်စုံတဲ့ မြို့ပြနှင့်တိုင်းဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ဖြစ်စေမယ့် မြို့ပြစနစ်ကို တည်ထောင်ရန်။
- ပြည်သူအားလုံးအတွက် လူနေမှုစနစ်ကို မြင့်တင်ရန်အတွက် လုံလောက်တဲ့ အိမ်ရာ၊ အခြေခံအဆောက်အဦးနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့် ပတ်ဝန်းကျင်ကိုမထိခိုက်တဲ့ မြို့ပြများ တည်ထောင်ရန်။
ရည်ရွယ်ချက်
- မြို့ပြနှင့် အိမ်ရာကဏ္ဍမှာ ဖွံ့ဖြိုးမှုနှင့် ရေရှည်တည်တံ့မှုကို ပံ့ပိုးပေးရန်အတွက် လိုအပ်တဲ့ မူဝါဒများ၊ ဥပဒေများ၊ စည်းကမ်းများ၊ လုပ်ငန်းစဉ်များကို ရေးဆွဲကျင့်သုံးရန်။
- လူမှုစီးပွား ဖွံ့ဖြိုးမှုအတွက် အိမ်ရာများ၊ စက်မှုဇုန်များ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအတွက် အထူးနေရာများပါဝင်တဲ့ မြို့ပြ ရှေ့ပြေးစီမံချက်များ၊ ဖွဲ့စည်းတည်ဆောက်ပုံ စီမံချက်များ၊ ပင်မစီမံချက်များကို ကြိုတင်ပြင်ဆင်ရန်။
- ပြည်သူ့အိမ်ရာပေါ်လစီနှင့် အကောင်အထည်ဖော်မယ့် စီမံချက်ကို အဆိုပြုထုတ်ပြန်ရန်။
- အငှားနှင့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများဆောက်လုပ်ပေးပြီး ရေရှည်တည်တံ့မယ့်နည်းဖြင့် ပြည်သူတွေအတွက် လုံလောက်တဲ့ တန်ဖိုးနည်းအိမ်ရာများ ပံ့ပိုးပေးရန်။
Organization and Workforce

အဓိက ပရောဂျက်များ
- ဆင်ခြေဖုံးဒေသများကို တိုးတက်ဖွံ့ဖြိုးစေခြင်းအားဖြင့် ရန်ကုန်တိုင်းတဝိုက် မြို့နယ်အသစ်များတည်ဆောက်ခြင်း
- တဲအိမ်မှ တိုက်ခန်းတွေအဖြစ် တည်ထောင်ခြင်း
- စက်မှုဇုန်များ တည်ထောင်ခြင်း
- အငှားအိမ်ရာ ၃၅,ဝဝဝ ကို ဆောက်လုပ် စီမံခြင်း
- အရောင်းအိမ်ရာ ၇၇,ဝဝဝ ကို ဆောာက်လုပ်ခြင်း
လက်ရှိ ပရောဂျက်များ
- ရန်ကုန်တိုင်းရှိ အစိမ်းရောင်မြို့ (Eco Green City)
- ရန်ကုန်တိုင်းရှိ KMIC စီးပွားရေးဇုန်
- ရန်ကုန်တိုင်းရှိ ခေတ်မီ အမတမြို့ (Yangon Amata Smart and Eco City)
- ရန်ကုန်တိုင်းရှိ ခေတ်မီ ဧရာဝံ ရတနာမြို့ (Ayar-Wun-Yadanar Smart District)
- မန္တလေးတိုင်းရှိ အပန်းဖြေမန္တလေးမြို့သစ် (New Mandalay Resort City)
- အများပြည်သူအိမ်ရာ အဟောင်းများကို ပြန်လည်မွန်းမံခြင်း
လုပ်ဆောင်ရန် စီမံချက် (၂၀၃၀)
- မြို့ကြီးများနှင့် နယ်စပ်မြို့များအတွက် မြို့ပြဖွံ့ဖြိုးရေး စီမံချက်
- မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံချက် (ရန်ကုန်နှင့် မန္တလေး) နှင့် မြို့နယ်ဖွံ့ဖြိုးရေး ရှေ့ပြေးစီမံချက် (မြို့ပြဒေသများ ၈၁+ ခု)
- အိမ်ရာ ၁ သန်း စီမံချက် (ဈေးသင့်၊ ဈေးနည်းတဲ့ အငှားအိမ်ရာများ ဆောက်လုပ်ပေးခြင်း)
- မြို့ပြ အခြေခံအဆောက်အဦးနှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေး ပရိုဂရမ်
- စက်မှုဇုန် တည်ထောင်ခြင်း





