ရေပေးခြင်း
ရေက ကုန်ထုတ်လုပ်မှုအတွက် အရမ်းကို အရေးကြီးပြီး၊ KMIC ဟာ မြောက်ဖက် ၁၈ ကီလိုမီတာ အကွာမှာရှိတဲ့ ကလီထော် ရေလှောင်တမံမှတဆင့် ရေကို ရယူပြီး၊ ဒီစီးပွားရေးဇုန်ရှိရေသန့်စင်စက်ရုံမှာ သန့်စင်မှာဖြစ်ပါတယ်။ နေ့စဉ် သုံးစွဲအားကို ၈,၇၈၉ ကုဗမီတာ အဖြစ် ခန့်မှန်းထားပြီး၊ ဒီပရောဂျက်က နေ့စဉ် ကုဗမီတာ ၁၀,၀၀၀ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်၊ လိုအပ်ခဲ့လျင် လုံခြုံဘေးကင်းရေးကို သေချာစေဖို့ ဒီရေသန့်စင်စက်ရုံကတဆင့် မီးသတ်ပိုက်လိုင်းကွန်ရက်တွေကို ရေပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

Kalihtaw Dam

Intake Tower







