လျှပ်စစ်မီး
KMIC ဟာ တည်ငြိမ်တဲ့ လျှပ်စစ်မီးရရှိဖို့နဲ့ လျှပ်စစ်မီးပျက်တောက်မှုနည်းစေဖို့ လျှပ်စစ်မီး စီမံချက်ကို ရေးဆွဲထားပါတယ်။ ဒေသရဲ့ အသုံးပြုမှုနဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ့ အနာဂတ် စီမံကိန်းတွေ အပေါ် အခြေခံပြီး၊ သုံးစွဲအားနဲ့ ပေးနိုင်အားကို သေချာ တွက်ချက်ထားပါတယ်။ ကွန်ကရစ် ဓာတ်တိုင်ဖြင့် ဓာတ်အားဖြန့် ကြိုးလိုင်းတွေကို သုံးပြီး၊ လျှပ်စစ်မီးကို မြောက်ဖက်ရှိ နိုင်ငံတော်မဟာ ဓာတ်အားလိုင်းက တဆင့် ဆွဲယူပြီး၊ ၁၀၀ မီဂါဝပ်ရှိတဲ့ ဓာတ်အားခွဲရုံနဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်။







