KMIC တွင် သင့်မြေကွက်ကို ကြိုတင်နေရာယူရန်

(Online KMIC Website မှတဆင့်)

1. KMIC Online Application တင်သွင်းခြင်း (Submit KMIC Online Application)

1. ‘Land Reservation (Online Application)’ ကို နှိပ်ပါ။
2. သင့်ကုမ္ပဏီ လျှောက်ထားလိုသော မြေကွက် (Land Plot) ကို ရွေးချယ်ပါ။
3. လိုအပ်သော အချက်အလက်အားလုံးကို ပြည့်စုံစွာ ဖြည့်သွင်းပါ။
4. ‘Submit Application’ ခလုတ်ကို နှိပ်၍ လျှောက်လွှာကို တင်သွင်းပါ။

2. Designated Bank Account သို့ Reservation Fee (USD 5,000) နှင့် Stamp Duty (USD 100) ပေးချေခြင်း

Reservation Fee သည် မြေကွက်တစ်ခုစီအတွက် USD 5,000 ဖြစ်ပါသည်။ လျှောက်ထားသူသည် မြေကွက်တစ်ခုစီအတွက် Stamp Duty USD 100 ကိုလည်း Reservation Fee နှင့်အတူ တစ်ပြိုင်နက် ပေးချေရမည် ဖြစ်သည်။ အကယ်၍ မြေကွက်များစွာ (multiple land plots) ကို လျှောက်ထားလို ပါက— မြေကွက်တစ်ခုချင်းစီအတွက် လျှောက်လွှာတစ်စောင်စီကို သီးသန့် တင်သွင်း ရမည် ဖြစ်သည်။

* မြေကွက်ကို ကြိုတင်နေရာယူရန် လျှောက်ထားသည့်သူသည် ကုမ္ပဏီ/ပါတီများ ပူးပေါင်း ဖွဲ့စည်းထားသော ကွန်ဆိုရှီယမ် (consortium) ဖြစ်ပါက၊ ထိုကွန်ဆိုရှီယမ်အတွင်းရှိ အကျိုးစီးပွား (interest) အများဆုံးပိုင်ဆိုင်ထားသော ပါတီ သို့မဟုတ် ကုမ္ပဏီကသာ ကွန်ဆိုရှီယမ်ကိုယ်စား လျှောက်လွှာကို တင်သွင်းရမည်ဖြစ်သည်။

* ကြိုတင်နေရာယူကြေး (Reservation Fee) နှင့် တံဆိပ်ခွန် (Stamp Duty)

– လျှောက်ထားသူသည် မြန်မာနိုင်ငံတွင် လက်ရှိအကျိုးသက်ရောက်နေသော ဥပဒေများအရ Land Reservation Agreement နှင့် Land Sublease Agreement ကို ချုပ်ဆိုရာတွင် ကောက်ခံသည့် တံဆိပ်ခွန် (Stamp Duty) ကို မိမိတစ်ဦးတည်း တာဝန်ယူ၍ ပေးချေရမည်ဖြစ်သည်။

3. လုပ်ငန်းအမျိုးအစားအပေါ် မူတည်၍ ရင်းနှီးမြှုပ်နှံနိုင်မှုကို စိစစ်ခြင်း (Screen if it is Possible to Invest in the Business Type)

4. Land Reservation Agreement လက်မှတ်ရေးထိုးခြင်း (KMIC အကြောင်းကြားစာရရှိသည့်နေ့မှ ၃၀ ရက်အတွင်း)