ကုမ္ပဏီ မှတ်ပုံတင်ခြင်း
မြန်မာနိုင်ငံတွင် သင့်ကုမ္ပဏီကို DICA MyCO အွန်လိုင်းစနစ်မှတစ်ဆင့် မှတ်ပုံတင်ပါ။

1. DICA MyCO Website တွင် Account ဖွင့်ပါ
2. ကုမ္ပဏီမှတ်ပုံတင်ရန် လျှောက်လွှာပုံစံကို ဖြည့်သွင်းပါ
- ကုမ္ပဏီအမည်နှင့် ကုမ္ပဏီဆိုင်ရာ အချက်အလက်များ
- ဒါရိုက်တာများ၏ အချက်အလက်များ (NRC သို့မဟုတ် Passport မိတ္တူ ပူးတွဲတင်ပြရန်)
- ရှယ်ယာမတည်ငွေဖွဲ့စည်းပုံ (Share Capital Structure) နှင့် အစုရှယ်ယာရှင်များ (Members) ဆိုင်ရာ အချက်အလက်များ
- ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (Company Constitution) ကို မြန်မာဘာသာဖြင့် တင်ပြရန်။
3. လျှောက်လွှာကို ပြည့်စုံစွာဖြည့်သွင်းပြီး မှတ်ပုံတင်ကြေး ပေးချေပါ (Credit Card သို့မဟုတ် MPU Card ဖြင့်)
- MyCO စနစ်တွင် Credit Card နှင့် MPU Card များဖြင့် ငွေပေးချေနိုင်ပါသည်။
- ငွေသား (Cash) ဖြင့် ပေးချေလိုပါက လျှောက်လွှာကို Save လုပ်ထားပြီးနောက် DICA ရုံးတွင် သွားရောက်ပေးချေနိုင်ပါသည်။





