MIC ရင်းနှီးမြှုပ်နှံမှု လျှောက်လွှာ
(Korea Desk နှင့် ကြိုတင်ဆွေးနွေးပြီးနောက် DICA သို့ လျှောက်ထားရန်)

1. လျှောက်လွှာအတွက် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ခြင်း
- MIC ရင်းနှီးမြှုပ်နှံမှု လျှောက်လွှာ (MIC Investment Application) နှင့် မြေငှားရမ်းစာချုပ် မူကြမ်း (Draft Land Contract) ကို ပြင်ဆင်ရမည်။ (Land Reservation Agreement (မြေကွက်ကြိုတင် နေရာ ယူစာချုပ်) သို့မဟုတ် Land Sublease Agreement မြေငှားရမ်းအသုံးပြုခွင့်စာချုပ်))
- DICA သို့မဟုတ် KOTRA ၏ Korea Desk Center (DICA အတွင်းရှိ Korea Desk) ထံမှ လိုအပ်သော အချက်အလက်များ ရယူခြင်းနှင့် အကြံဉာဏ်များ တောင်းခံခြင်း။
2. ရင်းနှီးမြှုပ်နှံမှု လျှောက်လွှာ တင်သွင်းခြင်း
- မြေငှားရမ်းစာချုပ် မူကြမ်း (Draft Land Contract) နှင့် EIA (Environmental Impact Assessment) ၊ သို့မဟုတ် လိုအပ်သလို IEE (Initial Environmental Examination) သို့မဟုတ် EMP (Environmental Management Plan) တို့ကို ပူးတွဲ၍ MIC (Myanmar Investment Commission) သို့ Investment Permit Application ကို တင်သွင်းရမည်။
3. DICA မှ စိစစ်သုံးသပ်ခြင်း (PAT Meeting)
- PAT (Proposal Assessment Team) Meeting သို့ တက်ရောက်ပြီး စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို Presentation ပြုလုပ်၍ ရှင်းလင်းတင်ပြရမည်။
4. MIC မှ စိစစ်သုံးသပ်ခြင်း (MIC Meeting)
- MIC (Myanmar Investment Commission) Meeting သို့ တက်ရောက်ပြီး စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များကို Presentation ပြုလုပ်၍ ရှင်းလင်းတင်ပြရမည်။
5. ရလဒ်ရယူခြင်း
- MIC ၏ ဆုံးဖြတ်ချက်ကို လက်ခံရယူရမည်။ လျှောက်လွှာကို အတည်ပြုပါက MIC Permit (MIC ခွင့်ပြုမိန့်) ကို သွားရောက်ထုတ်ယူရမည်။
- Land Sublease Agreement မချုပ်ဆိုမီကာလအတွင်း လျှောက်ထားသူသည် စီမံကိန်းနေရာတွင် လုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော MIC ခွင့်ပြုချက်နှင့် အခြားအစိုးရခွင့်ပြုချက်များကို မရရှိခြင်း သို့မဟုတ် ဆက်လက်မထိန်းသိမ်းနိုင်ခြင်း ဖြစ်ပါက၊ သို့မဟုတ် MIC သို့မဟုတ် အခြားအစိုးရအာဏာပိုင် အဖွဲ့အစည်းထံမှ ထိုသဘောတရားအတိုင်း အကြောင်းကြားစာ (official letter) ရရှိပါက၊ Reservation Fee ကို အတိုးမပါဘဲ (without interest) လျှောက်ထားသူထံ ပြန်လည်ပေးအပ်မည်ဖြစ်သည်။





