KMIC နှင့် မြေငှားရမ်းခွင့်စာချုပ် (Land Sublease Agreement) ချုပ်ဆိုခြင်း

※ လျှောက်ထားသူသည် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ သို့မဟုတ် ယင်းမတိုင်မီ KMIC နှင့် Land Reservation Agreement ကို ချုပ်ဆိုထားပါက၊ ထိုလျှောက်ထားသူအတွက် သက်ဆိုင်သော Reservation Period သည် Land Reservation Agreement ချုပ်ဆိုသည့်နေ့မှ စတင်၍ အောက်ပါနေ့ရက်များအနက် စောရောက်သောနေ့ အထိ အကျုံးဝင်မည်ဖြစ်သည်—

(i) ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့၊ သို့မဟုတ်
(ii)
Land Sublease Agreement ချုပ်ဆိုသည့်နေ့

အောက်ပါအခြေအနေများတွင် Reservation Fee ကို KMIC အကျိုးအတွက် သိမ်းဆည်းမည် (forfeited in favor of KMIC) ဖြစ်သည် –

(i) လျှောက်ထားသူသည် မိမိကိုယ်တိုင်ဖြစ်စေ သို့မဟုတ် Sublessee Entity မှတစ်ဆင့်ဖြစ်စေ Land Sublease Agreement ကို “Long Stop Date” (Land Reservation Agreement ချုပ်ဆိုသည့်နေ့မှ (၆) လပြည့်သည့်နေ့) မတိုင်မီ ချုပ်ဆိုရန် ပျက်ကွက်ပါက၊ ထိုပျက်ကွက်မှုသည် KMIC တစ်ဖက်တည်း၏ အကြောင်းရင်းကြောင့် မဟုတ်ဘဲ အခြားမည်သည့်အကြောင်းကြောင့်မဆို ဖြစ်ပေါ်ခဲ့လျှင် Reservation Fee ကို KMIC က သိမ်းဆည်းမည်ဖြစ်သည်။

(သို့မဟုတ်)

(ii) လျှောက်ထားသူသည် Land Sublease Agreement ကို ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိတော့ကြောင်းကို ရေးသားအကြောင်းကြားစာဖြင့် KMIC သို့ အချိန်မရွေး (Long Stop Date မတိုင်မီ သို့မဟုတ် ထိုနေ့အထိ) တင်ပြပါကလည်း Reservation Fee ကို KMIC အကျိုးအတွက် သိမ်းဆည်းမည်ဖြစ်သည်။

Land Sublease Agreement ကို Long Stop Date မတိုင်မီ သို့မဟုတ် ထိုနေ့အတွင်း ချုပ်ဆိုပြီးပါက Reservation Fee ကို လျှောက်ထားသူမှ KMIC သို့ ပေးချေရမည့် Security Deposit သို့မဟုတ် ပထမဆုံး Sublease Fee အတွက် ပေးချေရမည့်ငွေထဲတွင် ထည့်တွက် (adjust/offset) သတ်မှတ်မည်ဖြစ်သည်။

 

 

အရစ်ကျငွေပေးချေမှု အစီအစဉ်

Land Sublease Agreement အရ ပေးချေရမည့် sublease fee ကို အောက်ပါအတိုင်း အရစ်ကျဖြင့် ပေးချေရမည်ဖြစ်သည်—

(i) စုစုပေါင်း sublease fee ၏ 10% ကို Land Sublease Agreement ချုပ်ဆိုသည့်နေ့တွင် ပေးချေရမည်ဖြစ်သည်။

(ii) စုစုပေါင်း sublease fee ၏ ကျန်ရှိငွေကို Land Sublease Agreement ချုပ်ဆိုသည့်နေ့မှစ၍ လေး (၄) လတစ်ကြိမ်လျှင် စုစုပေါင်း sublease fee ၏ 15% အဖြစ် အရစ်ကျဖြင့် ပေးချေရမည်ဖြစ်ပြီး စုစုပေါင်း sublease fee အပြည့်အဝ ပေးချေပြီးသည့်အထိ ဆက်လက်ပေးချေရမည်ဖြစ်သည်။

လျှောက်ထားသူသည် Land Sublease Agreement အရ သတ်မှတ်ထားသော အရစ်ကျ ငွေပေးချေမှုများ ကို သတ်မှတ်ထားသည့် အချိန်မတိုင်မီ KMIC သို့ ကြိုတင်ပေးချေသော်လည်း sublease fee အတွက် မည်သည့်လျှော့ဈေး (discount) မျှ ချီးမြှင့်မည်မဟုတ်ပါ။

KMIC သည် Land Sublease Agreement ကို ချုပ်ဆိုပြီးနောက် အောက်ပါအခြေအနေဖြစ်ပါက မည်သည့်တာဝန်ယူမှုမျှမရှိဘဲ စာချုပ်ကို ရပ်စဲ (terminate) ပြုလုပ်နိုင်သည်

(i) လျှောက်ထားသူသည် Installment Schedule အရ နောက်ဆုံးအရစ်ကျငွေကို အပြည့်အဝ ပေးချေပြီးသည့်နေ့မှစ၍ (၆) လအတွင်း MIC Approval သို့မဟုတ် အခြားလိုအပ်သော ခွင့်ပြုချက်များ (Other Approvals) ကို မရယူနိုင်ခြင်း သို့မဟုတ် ရယူရန် ပျက်ကွက်ခြင်း ဖြစ်ပါက။

(ii) လျှောက်ထားသူသည် Sublease ကာလအတွင်း MIC Approval သို့မဟုတ် အခြားလိုအပ်သော ခွင့်ပြုချက်များ (Other Approvals) ကို ထိန်းသိမ်းထားရန် ပျက်ကွက်ခြင်း သို့မဟုတ် မထိန်းသိမ်းနိုင်ခြင်း ဖြစ်ပါက သို့မဟုတ်

(iii) လျှောက်ထားသူသည် MIC သို့မဟုတ် အခြားအစိုးရအာဏာပိုင်အဖွဲ့အစည်းထံမှ Subject Lot အတွင်းတွင် လုပ်ငန်းဆောင်ရွက်ခွင့်မပြုကြောင်း အကြောင်းကြားစာ (official letter) ကို ရရှိပါက

KMIC မှ Land Sublease Agreement ကို ရပ်စဲ (terminate) ပြုလုပ်သည့်အခါ၊ ထိုရပ်စဲသည့်နေ့အထိ လျှောက်ထားသူမှ KMIC သို့ Land Reservation Agreement နှင့် Land Sublease Agreement အရ ပေးချေထားသော ငွေပမာဏအားလုံး (Reservation Fee၊ Sublease Fee စသည်အပါအဝင်) ကို KMIC အကျိုးအတွက် သိမ်းဆည်းမည် (forfeited in favor of KMIC) ဖြစ်သည်။