KMIC တွင် သင့်မြေကွက်ကို ကြိုတင်နေရာယူရန်
(Online KMIC Website မှတဆင့်)

1. KMIC Online Application တင်သွင်းခြင်း (Submit KMIC Online Application)
1. ‘Land Reservation (Online Application)’ ကို နှိပ်ပါ။
2. သင့်ကုမ္ပဏီ လျှောက်ထားလိုသော မြေကွက် (Land Plot) ကို ရွေးချယ်ပါ။
3. လိုအပ်သော အချက်အလက်အားလုံးကို ပြည့်စုံစွာ ဖြည့်သွင်းပါ။
4. ‘Submit Application’ ခလုတ်ကို နှိပ်၍ လျှောက်လွှာကို တင်သွင်းပါ။
2. Designated Bank Account သို့ Reservation Fee (USD 5,000) နှင့် Stamp Duty (USD 100) ပေးချေခြင်း
Reservation Fee သည် မြေကွက်တစ်ခုစီအတွက် USD 5,000 ဖြစ်ပါသည်။ လျှောက်ထားသူသည် မြေကွက်တစ်ခုစီအတွက် Stamp Duty USD 100 ကိုလည်း Reservation Fee နှင့်အတူ တစ်ပြိုင်နက် ပေးချေရမည် ဖြစ်သည်။ အကယ်၍ မြေကွက်များစွာ (multiple land plots) ကို လျှောက်ထားလို ပါက— မြေကွက်တစ်ခုချင်းစီအတွက် လျှောက်လွှာတစ်စောင်စီကို သီးသန့် တင်သွင်း ရမည် ဖြစ်သည်။
- တူညီသော မြေကွက်တစ်ခုအတွက် လျှောက်ထားသူတစ်ဦးထက်ပိုရှိပါက၊ Reservation Fee နှင့် Stamp Duty ကို အပြည့်အဝ ပေးချေပြီး အခြားသူများထက် ပိုမိုစောစွာ ငွေပေးချေ သူကိုသာ ထိုမြေကွက်ကို ကြိုတင်နေရာယူထားသူအဖြစ် သတ်မှတ်မည်ဖြစ်သည်။ သို့ရာတွင် လျှောက်ထားသူများသည် ငွေပေးချေမှုကို တစ်နေ့တည်းတွင် ပြုလုပ်ပါက ထိုငွေပေးချေမှု များကို တစ်ချိန်တည်း ပြုလုပ်ထားသည်ဟု သတ်မှတ်မည်ဖြစ်သည်။
- တူညီသော မြေကွက်တစ်ခုအတွက် လျှောက်ထားသူတစ်ဦးထက်ပိုရှိပြီး၊ ထိုလျှောက်ထားသူ များသည် Reservation Fee နှင့် Stamp Duty ကို တစ်နေ့တည်းတွင် အပြည့်အဝ ပေးချေထားပါက—လျှောက်ထားချက်တွင် ဖော်ပြထားသော လုပ်ငန်းဆောင်ရွက်မည့် ရည်ရွယ်ချက်သည် KMIC ၏ ထိုမြေကွက်အတွက် သတ်မှတ်ထားသော zoning plan နှင့် ကိုက်ညီခြင်း သို့မဟုတ် လိုက်နာခြင်းရှိသော လျှောက်ထားသူကိုသာ ထိုမြေကွက်ကို ကြိုတင်နေရာယူထားသူအဖြစ် သတ်မှတ်မည်ဖြစ်သည်။
- အထက်ပါ (၁) နှင့် (၂) တွင် သတ်မှတ်ထားသော စည်းကမ်းချက်အားလုံးကို လိုက်နာပြည့်စုံထားပြီး တူညီသော မြေကွက်အတွက် လျှောက်ထားသူတစ်ဦးထက်ပိုရှိပါက၊ အခြားလျှောက်ထားသူများထက် မြေကွက်များပိုမိုလျှောက်ထားထားသော လျှောက်ထားသူကို သာ ထိုမြေကွက်ကို ကြိုတင်နေရာယူထားသူအဖြစ် သတ်မှတ်မည် ဖြစ်သည်။
- အထက်ပါ (1), (2), နှင့် (3) တွင် သတ်မှတ်ထားသော စည်းကမ်းချက်များအားလုံးကို ပြည့်စုံလိုက်နာထားသည့် လျှောက်ထားသူတစ်ဦးထက်ပိုရှိပါက၊ ထိုမြေကွက်ကို ကြိုတင်နေရာယူထားသူကို KMIC မှ မဲနှိုက်ခြင်း (lottery) ဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။
* ကြိုတင်နေရာယူကြေး (Reservation Fee) နှင့် တံဆိပ်ခွန် (Stamp Duty)
– လျှောက်ထားသူသည် မြန်မာနိုင်ငံတွင် လက်ရှိအကျိုးသက်ရောက်နေသော ဥပဒေများအရ Land Reservation Agreement နှင့် Land Sublease Agreement ကို ချုပ်ဆိုရာတွင် ကောက်ခံသည့် တံဆိပ်ခွန် (Stamp Duty) ကို မိမိတစ်ဦးတည်း တာဝန်ယူ၍ ပေးချေရမည်ဖြစ်သည်။
3. လုပ်ငန်းအမျိုးအစားအပေါ် မူတည်၍ ရင်းနှီးမြှုပ်နှံနိုင်မှုကို စိစစ်ခြင်း (Screen if it is Possible to Invest in the Business Type)
- KMIC သည် မိမိ၏ တစ်ဦးတည်းဆုံးဖြတ်ချက် (sole discretion) အရ လျှောက်ထားသူသည် မြေကွက်ကို sublease ပြုလုပ်ရန် အရည်အချင်းမပြည့်မီဟု သတ်မှတ်ပါက လျှောက်လွှာကို ငြင်းပယ်နိုင်ပြီး ထိုအကြောင်းအရာကို လျှောက်ထားသူထံသို့ စာဖြင့် အကြောင်းကြားနိုင်သည်။ ထိုကဲ့သို့ဖြစ်ပေါ်ပါက Reservation Fee နှင့် Stamp Duty ကိုမည်သည့်အတိုးအမြတ်မျှမပါဘဲ (without interest) လျှောက်ထားသူထံ ပြန်လည်ပေးအပ်မည်ဖြစ်သည်။
- KMIC သည် မိမိ၏ တစ်ဦးတည်းဆုံးဖြတ်ချက် (sole discretion) အရ လျှောက်ထားသူ၏ လျှောက်လွှာတွင် ဖော်ပြထားသော လုပ်ငန်းဆောင်ရွက်မှုသည် Project site (မြေကွက်နှင့် ပတ်ဝန်းကျင်ဧရိယာ) သို့မဟုတ် အနီးအနားမြေများအပေါ် ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုး သက်ရောက်နိုင်ခြေရှိသည်ဟု သတ်မှတ်ပါက KMIC သည်— (i) လျှောက်လွှာကို ငြင်းပယ်နိုင်သည်၊ သို့မဟုတ် (ii) Project site အတွင်းရှိ အခြားမြေကွက်တစ်ခုကို သတ်မှတ်ပေးပြီး (လျှောက်ထားထားသော မြေကွက်မဟုတ်သော) ထိုအကြောင်းကို လျှောက်ထားသူထံ စာဖြင့်အကြောင်းကြားခြင်း (Designation Notice) ပြုလုပ်နိုင်သည်။ အကယ်၍ လျှောက်ထားသူသည် KMIC မှ သတ်မှတ်ပေးထားသော မြေကွက်အပေါ် ဆက်လက် sublease လုပ်လိုခြင်းရှိ/မရှိကို Designation Notice ရရှိသည့်နေ့မှစ၍ (၁၀) ရက်အတွင်း အကြောင်းပြန်ကြားခြင်းမပြုပါက လျှောက်လွှာကို ကိုယ်တိုင်ရုပ်သိမ်းသည်ဟု သတ်မှတ်မည်ဖြစ်သည်။ ထိုအခြေအနေတွင် Reservation Fee နှင့် Stamp Duty ကို မည်သည့်အတိုးအမြတ်မျှမပါဘဲ (without interest) လျှောက်ထားသူထံ ပြန်လည်ပေးအပ်မည်ဖြစ်သည်။
- KMIC မှ လျှောက်ထားသူသည် မြေကွက် sublease ပြုလုပ်ရန် အရည်အချင်းပြည့်မီသည်ဟု သတ်မှတ်ပါက၊ သို့မဟုတ် Designation Notice အရ KMIC မှ သတ်မှတ်ပေးထားသော မြေကွက်ကို လျှောက်ထားသူက လက်ခံပါက KMIC သည် လျှောက်ထားသူထံသို့ အတည်ပြုစာ (Confirmation Notice) ကို ပေးပို့မည်ဖြစ်သည်။
4. Land Reservation Agreement လက်မှတ်ရေးထိုးခြင်း (KMIC အကြောင်းကြားစာရရှိသည့်နေ့မှ ၃၀ ရက်အတွင်း)
- လျှောက်ထားသူသည် KMIC မှ ထုတ်ပေးသော Confirmation Notice ရရှိသည့်နေ့မှစ၍ ရက် ၃၀ အတွင်း Land Reservation Agreement ကို လက်မှတ်မရေးထိုးပါက Reservation Fee ကို KMIC သို့ လက်လွှဲဆုံးရှုံး (forfeit) သတ်မှတ်မည်ဖြစ်သည်။ သို့သော် Stamp Duty (USD 100) ကို အတိုးအမြတ်မပါဘဲ လျှောက်ထားသူထံ ပြန်လည်ပေးအပ်မည်ဖြစ်သည်။
- လျှောက်ထားသူသည် Land Reservation Agreement ကို လက်မှတ်ရေးထိုးပြီးပါက မည်သည့်အခြေအနေမျိုးတွင်မဆို Stamp Duty (USD 100) ကို ပြန်လည်ပေးအပ်မည်မဟုတ်ပါ။





