ကိုရီးယား မြေနှင့်အိမ်ရာ ကော်ပိုရေးရှင်း (LH )
တည်ထောင်ရခြင်း ရည်ရွယ်ချက်
နိုင်ငံသူနိုင်ငံသားများအတွက် အတည်တကျနေထိုင်သွားနိုင်မည့် အိမ်ရာများ ဖန်တီးပေးခြင်း ၊ နိုင်ငံပိုင်မြေများအား ထိရောက်စွာအသုံးချနိုင်ခြင်းအားဖြင့် နိုင်ငံသားတို့၏ ဘဝနေထိုင်မှု အရည်အသွေး များ နှင့် နိုင်ငံ၏စီးပွားရေးကဏ္ဍ တိုးတက်လာစေရန် ရည်ရွယ်၍ LH ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
အဓိက တာဝန်များ
- အိမ်ရာလိုအပ်ချက်ရှိသော နိုင်ငံသားများအတွက် ကောင်းမွန်ပြီး တန်ဖိုးသင့်တင့်မျှတသော အိမ်ရာ များဖောင်ဆောင်ပေးခြင်း ၊ နိုင်ငံသားတို့၏ လူနေမှုဘဝပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်လာစေရန် အဆင့်မြှင့်တင်ပေးခြင်း ၊ ဒေသအလိုက် အိမ်ရာဖူလုံရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင် ရွက်ပေးခြင်း။
- လူနေဧရိယာများ၊ မြို့သစ်များ၊ ကဏ္ဍစုံပါဝင်သော အုပ်ချုပ်မှုဆိုင်ရာမြို့တော်များ၊ ဆန်းသစ်ကောင်း မွန်သော မြို့တော်များ ဖော်ဆောင်ခြင်းအပြင် မြို့ပြပတ်ဝန်းကျင်တွင် သက်တောင့်သက်သာဖြစ်စေနိုင် မည့် လူနေဧရိယာများ ဖန်တီးပေးနိုင်ရေးအတွက် မြို့ကြီးများကို တဖန်ဆန်းသစ်ကောင်းမွန်စေရန် ရည်ရွယ်လုပ်ဆောင်မည့် စီမံကိန်းများအား အကောင်အထည်ဖော်ခြင်း။
- နိုင်ငံအတွင်း ယှဉ်ပြိုင်မှုများ ပိုမိုအားကောင်းလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေး နိုင်ရန်အတွက် Kaesong စက်မှုဇုန်စီမံကိန်း၊ Free economic zones ၊ နိုင်ငံရပ်ခြားဒေသရှိမြေနေရာများ အပါအဝင် စက်မှုလုပ်ငန်းဆိုင်ရာနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စီမံကိန်းများအား ဖော်ဆောင်ခြင်း။
မတည်ရင်းနှီးငွေ
ပြည်သူများ၏ လူနေအိမ်ရာ ဖူလှုံရေးကို အခြေတည်တံ့အောင် ဆောင်ရွက်ပေးရန်နှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် LH တွင် လုပ်ငန်းတွင်း တရားဝင် ရင်းနှီးမြှပ်နှံငွေ (၃၅) ထရီလီယံဝမ် နှင့် ပြင်ပရင်းနှီးမြှပ်နှံသူများ( အစိုးရ ၊ Korea Development Bank စသည်)ထည့်ဝင်ငွေ (၂၉.၄ )ထရီလီယံဝမ် ရှိပါသည်။
အဖွဲ့အစည်းနှင့်လုပ်သားအင်အားစု
LH အဖွဲ့အစည်းတွင်ဌာနခွဲ (၈)ခုဖြင့်ဖွဲ့စည်းထားသော ပင်မဌာနချုပ်(၁)ခု၊ သုတေသနဌာန (၁)ခု၊ ဒေသဆိုင်ရာဌာနချုပ်(၁၂)ခု၊ သီးခြားစီမံကိန်းဌာနခွဲ(၂)ခုနှင့် ဌာနပေါင်း (၄၅)ခု ပါဝင်ဖွဲ့စည်းထားပါသည်။
မြေနှင့်အိမ်ရာကဏ္ဍကိုအထူးပြုသော ကျွမ်းကျင်ဝန်ထမ်းပေါင်း ၆၄၉၅ ဦးသည် နိုင်ငံပိုင်မြေနှင့် အိမ်ရာ မူဝါဒများကို စည်းစနစ်ကျနစွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အားထုတ်လုပ်ဆောင် လျက်ရှိပါသည်။
အဓိကကျသော စီမံကိန်းများ
- ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော အိမ်ရာစီမံကိန်း တည်ဆောက်ခြင်း (Mapo)
- ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော အငှားအိမ်ရာများ တည်ဆောက်ခြင်း ( Gaebong – dong)
- Greater Seoul ဒေသတွင် ပထမအဆင့် မြို့သစ်များ တည်ဆောက်ခြင်း (Bundang ,Ilsan , Pyeongchon , Jungdong)
- ပထမဆုံးသော ရေရှည်အငှားချ အိမ်ရာများ တည်ဆောက်ခြင်း (Beondong)
- Greater Seoul ဒေသတွင် ဒုတိယအဆင့်မြို့သစ်များတည်ဆောက်ခြင်း(Pangyo ,Dongtan ,Kimpo)
- Kaesong စက်မှုဇုန်စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ခြင်း (စီမံကိန်း ပထမအဆင့် ပြီးစီးပြီ ဖြစ်ပြီး ၊ ဒုတိယအဆင့်စတင်ဆောင်ရွက်လျက်ရှိပါသည်။)
- Sejong မြို့တော် နှင့် Innovation မြို့တော်များ အကောင်အထည်ဖော်ဆောင်ခြင်း (စုစုပေါင်း ဧရိယာ ၄၄.၂ စတုရန်း ကီလိုမီတာ အကျယ်အဝန်းရှိ Innovation မြို့တော် (၁ဝ) ခု အနက်မှ (၉) ခုအား လက်ရှိ အကောင်အထည်ဖော်ဆောင်နေခြင်း)
- အိမ်ရာ ၂.၁၈ သန်းခန့်အား တည်ဆောက်ပြီးစီးခြင်း ( ပထမဆုံးအကြိမ်အဖြစ် ကုမ္ပဏီတစ်ခုတည်းမှ တာဝန်ယူတည်ဆောက်ခြင်း)
- စက်မှုဇုန်စီမံကိန်းများနှင့် Free economic zones များ အကောင်အထည်ဖော်ဆောင်ခြင်း
- နိုင်ငံရပ်ခြားဒေသရှိမြေနေရာများအား အကောင်အထည်ဖော်ဆောင်ရေးစီမံကိန်းများ စီမံဆောင်ရွက် ခြင်း
- မြေယာဘဏ်ကို စတင်တည်ထောင်ခြင်း (အိမ်ခြံမြေစျေးကွက်များ တည်ငြိမ်စေရေးအတွက် ဗဟို မြေယာထောက်ပံ့ခြင်း နှင့် ဝယ်လိုအားထိန်းချုပ်ရေး ကဏ္ဍများ ပိုမိုအားကောင်းလာစေခြင်း)
ရည်ရွယ်ချက် နှင့် ရည်မှန်းချက်






