KMIC ကုမ္ပဏီ?

လျင်မြန်စွာ တိုးတက်နေသော မြန်မာနိုင်ငံတွင် KMIC သည် အဆင့်အမြင့်ဆုံးသောစက်မှု လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုပြယုဂ်တစ်ရပ်ဖြစ်ပါသည်။ အဆင်ပြေကောင်းမွန်သော ထိပ်တန်း အဆင့်တည်နေရာ တွင် ကမ္ဘာ့အဆင့်မှီ အခြေခံအဆောက်အအုံများပါရှိခြင်းအပြင် သာလွန်သော လုပ်ငန်းအခွင့်အလမ်းရရှိနိုင်မှုများပေါင်းစည်းထားခြင်းကြောင့်လာရောက်ရင်းနှီးမြှပ်နှံမည့်ကုမ္ပဏီ များအတွက်သန်းထောင်ချီတန်သောစျေးကွက်အလားအလာများပေးစွမ်းနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်

ကျွန်ုပ်တို့ရဲ့ ရည်ရွယ်ချက်

အနာဂတ်ကို ပုံဖော်တည်ဆောက်ခြင်း

စီးပွားရေးလုပ်ငန်းများသည် ကမ္ဘာကြီးကို တစုတစည်းတည်း  ပေါင်းစည်းသွားစေနိုင်သော စွမ်းအားတစ်ရပ်ဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ် ကာလတစ်လျှောက်တွင် နိုင်ငံတကာ ကုန်သွယ်ရေး၏ အကျိုးရလဒ်အနေဖြင့် နိုင်ငံအများစုကိုဆင်းရဲခြင်းမှလွတ်မြောက်နိုင်ခဲ့ပြီး အင်အားကြီးမားသောနိုင်ငံတွေအဖြစ်နေရာ နိုင်ငံတကာအလယ်နေရာယူလာနိုင်စေခဲ့သည်။ KMIC သည် မြန်မာနိုင်ငံအတွက် ပိုမိုတောက်ပသော အနာဂတ်ကို ဖန်တီးပေးဖို့ အကူအညီ ပေးနိုင်မှာ အသေအချာပင်ဖြစ်ပါသည်။များစွာသော ကောင်းကျိုးများကို ရရှိစေနိုင်မည်ဖြစ် ပါသည်။ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိကြတဲ့ စီးပွားရေးဆိုင်ရာကုမ္ပဏီများသည်အခုလိုပေါ်ထွန်း လာသော စီးပွားရေးစျေးကွက်အတွင်း အောင်မြင်ကြီးပွားနိုင်မည့် အခွင့်အလမ်းများရရှိနိုင် မည့်အပြင် အိမ်နီးချင်း နိုင်ငံများနှင့်ပါ ပိုမိုလွယ်ကူစွာထိတွေ့ဆက်ဆံနိုင်မည် ဖြစ်ပါသည်။     KMIC သည်ကျွန်ုပ်တို့အားလုံး၏အနာဂတ်များကိုပိုမိုကောင်းမွန်စေမည့်နှစ်ဦးနှစ်ဖက်အကျိုး ဖြစ်ထွန်းစေနိုင်သော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။