တည်နေရာ

စစ်မှန်ကောင်းမွန်သော တည်နေရာတစ်ခု

မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ် နှင့် ထိုင်း စသော ကျယ်ပြန့်ပြီး အကျိုးအမြတ်များစွာရရှိနိုင်သည့် စီးပွားရေးစျေးကွက်များဆီသို့ ခြေလှမ်းနိုင်မည့် တံခါးပေါက်တစ်ခုဖြစ်ပါသည်။ KMIC သည် မြန်မာ နိုင်ငံ၏အကြီးမားဆုံးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့မြောက်ဖက်မှာတည်ရှိပြီး ရန်ကုန်-နေပြည်တော်- မန္တလေး အဝေးပြေးလမ်းမကြီးနှင့်လည်း လွယ်ကူစွာဆက်သွယ်သွားလာနိုင်ပါသည်။ စီမံကိန်း တည် နေရာသည် ရန်ကုန်လေဆိပ်နှင့် မိနစ် သုံးဆယ်ကြာ ခရီးအကွာတွင်တည်ရှိနေပြီး ရန်ကုန်ဆိပ်ကမ်း သို့ရောက်ရှိရန် တစ်နာရီမျှသာ ကြာမြင့်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အခြားသောအဓိကကျသည့် နေရာ‌ဒေသများသို့လည်း အဆင်ပြေချောမွေ့စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပါသည်။